Wednesday, March 5, 2014

“အ၀ိဇ္ဖာနောက်သို့ အစဉ်လိုက်နေတဲ့ အကုသိုလ်တရားဆိုးများ”

“အ၀ိဇ္ဖာနောက်သို့ အစဉ်လိုက်နေတဲ့ အကုသိုလ်တရားဆိုးများ”

'အ၀ိဇ္ဇာ= မောဟ’ကတော့ အကုသိုလ်တရားအားလုံးတို့ရဲ့ ရှေ့သွားခေါင်း ဆောင်ကြီး တစ်ဦး ဖြစ်တယ်။ ယင်းအ၀ိဇ္ဇာသို့ ဆိုက်ရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ယင်း အသိမှားမှု‘အ၀ိဇ္ဇာ = မောဟ’ကို အခြေတည်ကာဒုစရိုက် တရားတို့ကို လွန်ကျူးရမှာကို, အကုသိုလ်တရားတွေ စိတ်အစဉ်မှာဖြစ်ပေါ် လာရမှာကို မရှက်မှု (= အဟိရိက), မကြောက်လန့်မှု (= အနောတ္တပ္ပ) ဒီတ ရားနှစ်ပါးဟာလည်း အ၀ိဇ္ဇာနောက်သို့ အစဉ်လိုက်ကာ ဖြစ်ပေါ်လာတတ်ကြ ပြန်တယ်။ ဒါတွင်ပဲလားဆိုတော့မကသေးဘူး၊ အများကြီး ရှိနေသေးတယ်။ ဘာတွေလဲ ..?

ယင်းအ၀ိဇ္ဇာသို့ ဆိုက်ရောက်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တ၀ါ လူ နတ်ဗြဟ္မာစသည်ဖြင့် အသိမှားနေမှုသဘော, ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတွေထဲက ခန္ဓာတစ်ပါးပါးကို သို့မဟုတ် ခန္ဓာအများစုကို အသက်ကောင် လိပ်ပြာကောင် ၀ိညာဏ်ကောင်အတ္တကောင်လို့ အသိမှားမှု သဘော,နိစ္စ သုခ သုဘလို့ အသိမှားမှုသဘော ---

ဒီလို အသိမှားမှုဆိုတဲ့ အ၀ိဇ္ဖာ မောဟကို အမှီပြုကာ ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တ၀ါ လူ နတ်ဗြဟ္မာ စသည်ဖြင့် တကယ်ထင်ရှား ရှိတယ်လို့ စွဲလမ်းယုံ ကြည်မှု (= အယူမှားမှု =ခံယူချက်မှားမှု)သဘော, ယင်းခန္ဓာငါးပါး ရုပ်နာမ် တရားတွေထဲကခန္ဓာတစ်ပါးပါးကို သို့မဟုတ်ခန္ဓာအများစုကို အသက်ကောင် လိပ်ပြာကောင် ၀ိညာဏ်ကောင် အတ္တကောင်ဟု စွဲလမ်းယုံကြည်မှု(=အယူ မှားမှု= ခံယူချက်မှားမှု)သဘော,ယင်းခန္ဓာတစ်ပါးပါးထဲမှာသို့မဟုတ် ခန္ဓာ အများစုထဲမှာ အသက်ကောင် လိပ်ပြာကောင် ၀ိညာဏ်ကောင်အတ္တကောင်တကယ်ထင်ရှားရှိတယ်လို့ စွဲလမ်းယုံကြည်မှု (= အယူမှားမှု= ခံယူချက်မှားမှု) သဘော,နိစ္စ သုခ သုဘလို့ စွဲလမ်းယုံကြည်မှု (= အယူမှားမှု = ခံယူချက်မှားမှု) သဘောဆိုတဲ့ဒီလို အယူမှားမှု မိစ္ဆာဒိဋ္ဌိသဘောတရား အမျိုးမျိုးတွေလည်း ထင် ရှားဖြစ်ပေါ်လာကြပြန်တယ်။

အသိမှားမှုကား အ၀ိဇ္ဇာဖြစ်တယ်။ အယူမှားမှုကတော့ မိစ္ဆာဒိဋ္ဌိဖြစ်တယ်။ အ သိမှားမှု အ၀ိဇ္ဇာဆိုတဲ့ တောချုံပုတ်ကို အမှီပြုပြီးတော့အယူမှားမှု ဒိဋ္ဌိ, မရှက်မှု မကြောက်မှု ‘အဟိရိကအနောတ္တပ္ပ’ဆိုတဲ့ဒီတောချုံပုတ်ရဲ့ အဆွယ်အပွား ချုံနွယ်ပိတ်ပေါင်း သစ်ပင်ငယ်များ တိုးပွားလာခြင်း ဖြစ်ပါတယ်။

ဖားအောက်တောရဆရာတော် (တောကိုတော့ ရှင်းလင်းပါ မှ)

No comments:

Post a Comment