နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဘဂဝါဂုဏ်ရှင် အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဖြစ်တော်မူသော မြတ်စွာဘုရားအားရှိခိုးပါ၏။
ပဒက္ခိဏာဏိ ကတွာနlလဘန္တတ္ထေ ပဒက္ခိနေ
တေ အတ္ထလဒ္ဓါသုခိတာl ဝိရူဠှာ ဗုဒ္ဓသာသနေ
အရောဂါသုခိတာဟောထlသဟ သဗ္ဗေဟိ ညာတိဘိ။
ပဒက္ခိဏာဏိ- တိုးတက်ကြီးပွားကြောင်း ကောင်းသောအလုပ်တို့ကို။ကတွာန- ပြုလုပ်ကြကုန်သောကြောင့်။ ပဒက္ခိဏေ- ကောင်းမွန်တင့်ဆန်း အထက်တန်းကျကုန်သော။ အတ္ထေ- စည်းစိမ်တက်ဖြိုးကောင်းသော အကျိုးတို့ကို။ လဘန္တိ- ရရှိကြကုန်၏။ အတ္ထလဒ္ဓါ- ကောင်းကျိုးအတိ လက်ရှိဖြစ်ကြကုန်သော။ တေ တုမှေ- သင်တို့သည်။ သုခိတာ-ဆင်းရဲကင်းပျောက ချမ်းသာခြင်းသို့ရောက်ရှိကြကုန်သည်ဖြစ်၍။ ဗုဒ္ဓသာသနေ- ဘရားအဆုံးအမ သာသနာတော်၌။ ဝိရုဠှာ-တစ်ဆင့်ထက်တစ်ဆင့် ကြီးမြင့်ပြန့်ပွားကြကုန်လျက်။ သဗ္ဗေဟိ ဥာတိဘီ-မိသားစုနှင့် ဆွေစုမျိုးစု ချစ်မှုမကင်း သတ္တဝါ ခပင်းတို့နှင့်။ သဟ-အတူတကွ။ အရောဂါ-အနာမရှိ ပကတိ ကျန်းမာကြကုန်သည်။သုခိတာ-ကိုယ် စိတ် ဥစ္စာ သုံးဖြာမကြွင်းချမ်းသာခြင်းသို ရောက်ကြကုန်သည်။ ဟောထ - မုချမသွေ ဖြစ်ကြပါစေကုန်သတည်း။
ဓမ္မ၏ အနက်အဓိပ္ပါယ်မှာ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ အကြောင့်းခြင်းရာတို့၏ ဖြစ်ခြင်းပျက်ခြင်းပြိုကွဲခြင်း သဘော သင်္ခါရတို့ပင်ဖြစ်သည်။ ကြီးကျယ်မြင့်မြတ်သော သစ္စာလေးပါးကို သိပြီးသူနှင့်ဒုက္ခနှင့်ယှဉ်သော အပေါင်းအဖေါ်တို့၏ စက်ကွင်းမှထာဝရ လွတ်မြောက်ပြီးသူတို့သည် သံ့သရာမှ လွတ်မြောက်ကြောင်းဓမ္မကို သိမြင်နိင်သည်။ ထိုသို့သောပုဂ္ဂိုလ် တို့အားဓမ္မစရိယာ တကယ်ကျင့်ကြံသောသူအဖြစ် ခေါ်ဆိုနိုင်၏။ ဓမ္မစရိယ မင်္ဂလာမည်၏။သိမှကျင့် ကျင့်မှရနိုင်၏။
ချစ်မိတ်ဆွေများမောင်ညီမများအားလုံးစိတ္တသုခ ကာယသုခ နှစ်ဖြာသော သုခနှင့်ပြည့်စုံကြပါစေ။ ကြံစည်သမျှအောင်မြင်ကြပြီး ဆောင်ရွက် သမျှ ထမြောက် ပြီးစီးနိုင်ကြပါစေသတည်း
No comments:
Post a Comment